
ပန်းပုရုပ်
သူမသည် ကျွန်တော်လုပ်သမျှခံလေသည်
ထုရိုက်လည်း ဘာမှမပြော
ဖဲ့ထုတ်လည်း ဒေါသမထွက်
ပွတ်လှီးလည်း ခံမငြင်း
တစ်ခါတလေ ဇောက်ထိုးကြီး
တစ်ခါတလေ မှောက်ခုံ
သူမ မျက်စောင်းမထိုးတတ်
မျက်လွှာပင် ချလိုက်သေးသည်
အသံမထွက်
မျက်ရည်မ၀ိုင်း
တစ်ချက်တစ်ချက် ပြုံးပင်ပြလိုက်သေးသည်
အခုတော့လည်း
ထိုသူမ နတ်သမီးသည်
ကျွန်ုပ်အိပ်ရာ ခေါင်းရင်းဘက်တွင်
ရပ်လျက်တည်လျက် ရှိချေပြီ။
မျိုး
၁၉၊၀၇၊၀၇ အာဇာနည်နေ့တွင် အမှတ်တရ ရေးသားဖြစ်ပါသည်။
မရသေးသော ချစ်သူလေးအား ရည်မှတ်၍သာ