Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

Sunday, August 05, 2007

စောင့်လှည့်ဦးနော်

မောင်မသန် မောင်ခံရလိမ့်
မောင်သန်အောင် ဘယ်လိုကြိုးသော်လည်း
ခက်ခဲတာ မောင်အသိ
မချိရင်မှာ ကြေကွဲကာနာ။

သန်မာထက်သန်မာ
ဒီလောက၀န်းကျင်ကောင်းဖို့ကို
ကြိုးစားချင်တာ၊
မလျှော့ပါ အားအင်စိတ်နဲ့
ရှေ့လှမ်းမယ် ဘယ်ညာတင်းလို့ရယ်
မောင်သန်အောင် ကြံဆောင်ကြည့်မယ်ကွဲ့
စောင့်လှည့်ဦးနော်။
စိတ်ကလေးကုန်သွားတယ်

စိတ်ကလေးကုန်သွားတယ်
သူ့ကြောင့်ကွယ်
စိတ်တော့မဆိုးရက်တယ်
စိတ်ကလေးကုန်သွားတယ်။

စိတ်ကလေးကုန်သွားတယ်
မချစ်တော့မယ်
စိတ်ထဲကြံလည်းကွယ်
မရပါတယ်
စိတ်ကလေးကုန်သွားတယ်။

စိတ်ကလေးကုန်သွားတယ်
ရက်စက်တယ်
သူမို့လုပ်ရက်တယ်
ဖြေတွေး တွေးလဲကွယ်
စိတ်ကလေးကုန်သွားတယ်။

စိတ်ကလေးကုန်သွားတယ်
ဘာလုပ်ရပါ့ကွယ်
စိတ်ညစ်တယ် သိပ်စိတ်ညစ်တယ်
စိတ်ကလေးကုန်သွားတယ်
မင်းကလေးရယ်
စိတ်ကလေးကုန်သွားတယ်။

Saturday, August 04, 2007


ဘဝ
ခဏနေ
သေရမှာသိလည်း
အလုပ်တွေနဲ့ ရှုပ်နေဆဲ
အရှုပ်တွေနဲ့ လုပ်နေဆဲ။
(ဘ၀ဟာ ခဏနေရတာပါ၊ အကြာကြီး မဟုတ်ပါဘူး၊ အကြာကြီးလို့ထင်နေကြမှာစိုးလို့၊)



ခေါ်သံနီးတဲ့နေ့

စားဝတ်နေ ထိုအကြောင်းတွေနဲ့
ပိုကောင်းအောင် ဘယ်လိုပြုပေမယ့်
အိုမှုက မညှာတာ
ဗျာဓိပါ အဖော်တွဲလို့
ဆွဲခေါ်ခဲ့ပါ။

အို နာ တွေ
ကိုယ်မှာလေ ခါခါဖိသော်လည်း
သိလျက် မရုန်းသာ
မုန်းစရာ ရုပ်နာမ်စု
ညွှန်းပြုခန္ဓာ။

ဤခန္ဓာ
စီမံကာ ပြုသမျှ
နုကြရ နတ်ဗြဟ္မာ
သတ္တ၀ါ မဆန်ငြင်းနိုင်ဘူး
အံတင်းလို့ ကြိတ်မှိတ်ကာ
နှိပ်စက်တာ လွန်ပြင်း။

မွေးနေ့ခါ
ထွေးပွေ့ကာ အကြိမ်များသလောက်
တံခါးခေါက် လှမ်းခေါ်သံ
နားလျှံ ဘယ်အကြိမ်ရောက်မှာ
ခေါ်သံနောက် ခရီးနှင်
မသွားချင် နေမရတာမို့
ကြုံကြရ ဘ၀တို
ခဏဆို ဒီကာလမှာ
ကွယ် ကောင်းကြစိတ်ရင်း...။

ဝေမိုး-ကျွန်းလှ
အသက် ၄၀ ပြည့်မွေးနေ့
အမှတ်တရ

ဆရာတော်ဝေမိုးကျွန်းလှမှာ မိမိအပေါ်ကောင်းခဲ့သည်၊ မိမိငယ်စဉ် စာရေးသက်နုစဉ် ဘာသာပြန်ဘ၀က မိမိစာများကို ယုံယုံကြည်ကြည်သုံးကာ စာမူခကိုလည်း မိမိတောင်းသလောက်ပေးခဲ့သည်သာဖြစ်သည်။ မိမိစိတ်ဓါတ်ကို မြှင့်တင်ပေးခဲ့သည်။ ဆရာတော်မွေးနေ့တွင် ဆရာတော်အား ဦးခိုက်ကာ ဆရာတော်မွေးနေ့ ဖိတ်စာတွင် ရေးသားထားသော မွေးနေ့အမှတ်တရကဗျာကို ဖော်ပြပါသည်။ လာမည့်လသည်လည်း မိမိမွေးလဖြစ်သောကြောင့် ဆရာတော့်ကဗျာလေးကို ကောင်းစွာခံစားနားလည် နှစ်ခြိုက်မိပါသည်။ ဆရာတော်မွေးနေ့မှာ သြဂုတ် ၂ ရက်ဖြစ်သည်။ ၂၀၀၇ တွင် သက်တော် ၄၀ ပြည့်သည်။

Sunday, July 22, 2007


ပန်းပုရုပ်
သူမသည် ကျွန်တော်လုပ်သမျှခံလေသည်
ထုရိုက်လည်း ဘာမှမပြော
ဖဲ့ထုတ်လည်း ဒေါသမထွက်
ပွတ်လှီးလည်း ခံမငြင်း
တစ်ခါတလေ ဇောက်ထိုးကြီး
တစ်ခါတလေ မှောက်ခုံ
သူမ မျက်စောင်းမထိုးတတ်
မျက်လွှာပင် ချလိုက်သေးသည်
အသံမထွက်
မျက်ရည်မ၀ိုင်း
တစ်ချက်တစ်ချက် ပြုံးပင်ပြလိုက်သေးသည်
အခုတော့လည်း
ထိုသူမ နတ်သမီးသည်
ကျွန်ုပ်အိပ်ရာ ခေါင်းရင်းဘက်တွင်
ရပ်လျက်တည်လျက် ရှိချေပြီ။
မျိုး
၁၉၊၀၇၊၀၇ အာဇာနည်နေ့တွင် အမှတ်တရ ရေးသားဖြစ်ပါသည်။
မရသေးသော ချစ်သူလေးအား ရည်မှတ်၍သာ