ချက်ခြင်း၊ ချစ်ခြင်းနှင့်
မိန်းကလေးတို့ ဂုဏ်သိက္ခာ

ဣတ္ထိ ရူပံ ဓနံဟူသော စကားရှိသည်။ မြန်မာအဓိပ္ပာယ်မှာ မိန်းမတို့အဆင်းသည် ချမ်းသာမည်သည်ဟူ၍ ဖြစ်သည်။ တကယ်တော့ အဆင်းတစ်ခုတည်းနှင့်မရ၊ အချင်း(အရည်အချင်း)ပါလိုအပ်သည်။
ယနေ့ခေတ် ကမ္ဘာနှင့်အ၀န်း အမျိုးသမီးနှင့်အမျိုးသားတို့ ရင်ပေါင်တန်း လှုပ်ရှားရုန်းကန်နေသော၊ တစ်ဦးနှင့်တစ်ဦး နောက် ကျကျန်ရစ်မခံဘဲ ပြိုင်ဆိုင်နေသောအချိန်တွင် အမျိုးသမီးတို့အနေနှင့် ရုပ်ရည်အဆင်းလှနေသည်သာမကဘဲ အရည်အချင်းလည်း ပြည့်ဝကြရမည်ဖြစ်သည်။
မြန်မာအပါအ၀င် တစ်ကမ္ဘာလုံး၌ အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ လွတ်လပ်ခွင့်ကို တောင်းဆိုကြသည်၊ ရယူကြသည်။ တစ်ပြိုင်နက် ယောက်ျားလေးတို့ လုပ်နိုင်သည့်ကိစ္စများအားလုံးကို သူတို့လည်း လုပ်နိုင်သည်ဟုဆိုကာ လိုက်လုပ်ကြသည်။
ဥပမာအားဖြင့် အလေးမသည်၊ ဘောလုံးကန်သည်၊ သိုင်းကစားသည်။ ကုမ္ပဏီများတွင် ၀န်ထမ်းများကို စီမံခန့်ခွဲသော မန်နေဂျာ၊ အထွေထွေမန်နေဂျာ၊ ပိုင်ရှင်မှသည် နိုင်ငံတစ်နိုင်ငံကို ဦးဆောင်လှုပ်ရှားသော နိုင်ငံခေါင်းဆောင်များအထိ အဆင့်ဆင့် နေရာရယူ တိုးတက်လုပ်ကိုင်လာကြသည်။
ရယ်စရာဟာသယောက်ျားနှင့် မိန်းမတန်းတူအခွင့် အရေးရသော်လည်း မိန်းကလေးတို့က အရှက်နှင့် ဣနြေ္ဒနှင့် နေ ထိုင်ရှင်သန်ကြရသည်။ မြန်မာအပါအ၀င် တစ်ကမ္ဘာလုံးမှာပင် မိန်းကလေးအများစုမှာ ဣနြေ္ဒနှင့် နေကြရပါသည်။
ကလက်သော၊ ထက်သော၊ အလွန်ဖျတ်လတ်သော မိန်းကလေးတို့ကို ယောက်ျားတို့သာမက မိန်းမချင်းပင် အမြင်ကပ်ကြသည်။ သဘောက မိန်းကလေးတို့ (မိန်းမတို့)သည် အနေအထိုင်သိမ်မွေ့ ငြိမ်ဆိတ်ရေးမှာ အရေးကြီးသည်ဟု ဆိုခြင်းဖြစ်သည်။
ယောက်ျားတို့လုပ်တိုင်း မိန်းမတို့အလွယ်တကူ မလုပ်နိုင်သောကိစ္စတစ်ခုမှာ ခန္ဓာကိုယ်ပိုင်း (ရုပ်ပိုင်း)နှင့် သက်ဆိုင်ပြီး ထင်ရှားပေါ်လွင်သည်။
အများအမြင်လူလယ်ကောင်တွင် ယောက်ျားလေးမှာ အင်္ကျီမ၀တ်ဘဲ(ဘောင်းဘီ သို့မဟုတ် ပုဆိုးတော့ဝတ်ရမည်) ကိုယ်လုံးတီး(ကိုယ်ဗလာ)ဖြင့် သွား လာနိုင်သော်လည်း မိန်းကလေးက မရ၊ မြန်မာတွင် မရသလို ကမ္ဘာတွင်လည်း မရ။
(ကမ်းခြေတွင်တော့ တစ်ပိုင်းစ၊ နှစ်ပိုင်းစရေကူး ၀တ်စုံများ ၀တ်ရသည်၊ ရုံးသွား၊ ဈေးသွားရင်း ရင်ညွန့်ဖော်၊ ချက်ဖော်ဆွဲဆောင်သော အ၀တ်အစားများ ၀တ်၍ရသည်) လုံးဝတော့ လူမြင်ကွင်းတွင် ကိုယ်ဗလာဖြင့် သွားမရ။
ယောက်ျားလေးတို့နှင့် ဖက်ပြိုင်ပြောသော (စကားရည်လုသော) အစ်မ၊ နှမနှင့် သူငယ်ချင်းမတို့ကို ယောက်ျားလေးတို့က ထိုသို့ပြောဆိုပြိုင်နှက်၍ ရယ်စရာလုပ်ကာ အနိုင်ယူကြရသည်။ ရုပ်ပိုင်းဆိုင်ရာ အခြားအားနည်းချက်တစ်ခုမှာ အဝေးပြေးခရီးသွားလာရာတွင် ဖြစ်သည်။
အပေါ့အလေးသွားလိုလျှင် ယောက်ျားလေးက မည်သည့်နေရာတွင်မဆို ကားရပ်ခိုင်း၍ (လယ်ကွင်းနေရာဖြစ်စေ၊ ကွင်းခေါင်ခေါင်ဖြစ်စေ၊ ခြုံကွယ်တွင်ဖြစ်စေ) ရပ်၍လည်းကောင်း၊ ထိုင်၍လည်းကောင်း သွား၍ရသည်။

မိန်းကလေးကျတော့ ထိုသို့မရ၊ လုံခြုံသည့်နေရာ၊ လူမြင်ကွင်းမဟုတ်သည့်နေရာ ရွေး၍ရပ်ရသည်။ သို့မဟုတ်ပါက နား၍ရမည့်နေရာ၊ စားသောက်ဆိုင်ကဲ့သို့ နေရာမျိုးတွင် ရပ်ရသည်။ သို့တည်းမဟုတ် လမ်းမဘေးရှိ နေအိမ်တစ်ခုခု၊ အဆောက်အဦတစ်ခုခု၏ သက်ဆိုင်သူထံ အကူအညီ တောင်းရသည်။
မြန်မာမှာလည်း ထိုသို့၊ နိုင်ငံတကာမှာလည်း အများစုမှာ ထိုသို့၊ ယခုလောက် နိဒါန်းချီခဲ့ခြင်းမှာ မိန်းကလေးတို့ အတွက် ရာခိုင်နှုန်းပြည့်နီးပါး ယောက်ျားလေးတို့နှင့် တန်းတူယှဉ်ပြိုင်နိုင်သော်လည်း တချို့အပိုင်း များတွင်တော့ (အထူးသဖြင့် ရုပ်ပိုင်း၊ ခန္ဓာကိုယ်ပိုင်းနှင့်ပတ်သက်၍) ထိန်းချုပ်ရသည်များရှိသည်၊ မပွင့်လင်းရသည်များရှိသည်။ သိုသိပ်လျှို့ဝှက်ရသည်များရှိသည်။ ထိုကိစ္စကို မိန်းကလေးတို့က အသိဆုံးဖြစ်သည်။ ပြောရရင်တော့ အရှက်ဥပဒေ(ဂုဏ်သိက္ခာစည်းမျဉ်း)တို့ဖြင့် ထိန်းချုပ်ထားခြင်း ဟူ၏။
နည်းပညာက အရှက်ကိုဖော်တယ်ယနေ့ခေတ်က နည်းပညာခေတ်ဖြစ်သည်။ နည်းပညာကို အမီလိုက် မသုံးစွဲနိုင်သူတို့ လက်ရှိအ နေအထားတွင်ရော၊ အနာဂတ်ခရီးတွင်ပါ တဖြည်းဖြည်းနှင့် နောက်ကျကျန်ရစ်မည်ဖြစ်သည်။ နည်းပညာခေတ်တွင် သတင်းနှင့် နည်းပညာမှာ အထင်ရှားဆုံးနှင့် အသုံးပြုကြဆုံး ဖြစ်သည်။
ယနေ့ခေတ် လူငယ်တိုင်း ကွန်ပျူတာအသုံးပြုတတ်ရမည်ဖြစ်သည်။ လူငယ်တော်တော်များများကလည်း အသုံးပြုနိုင်ရေး ကြိုးပမ်းကြသည်။ သင်တန်းများတက်ကြသည်၊ အခြေခံများရအောင် တတ်အောင် ကိုယ့်နည်းကိုယ့်ဟန်နှင့် လုပ်ဆောင်ထားကြသည်။
ဤသို့ဖြင့် လူငယ်တချို့ ကွန်ပျူတာအခြေခံကြောင့် အင်တာနက်သုံးလာကြသည်။ ကမ္ဘာသူကမ္ဘာသားအဖြစ်သို့ တက်လှမ်းလာပြီး လူငယ်အများစု စိတ်ဝင်စားကြသော ချက်ခြင်း(ကမ္ဘာတစ်ဝန်းမှ မည်သူနှင့်မဆို ကွန်ပျူတာကွန်ယက်ထဲ ၀င်ပြီး စာရိုက်စကားပြောခြင်း၊ ဖုန်းဖြင့် စကားပြောခြင်း၊ ရုပ်မြင်သံကြားဖြင့် စကားပြောခြင်း)တို့ကို လုပ်ဆောင်ကြသည်။
ချက်ခြင်းတွင် ပျော်မွေ့လာကာ ထိန်းချုပ်မှုနည်းသော (ဆင်ခြင်မှုအားနည်းသော)လူငယ်များ ချစ်ခြင်းသို့ (အင်တာနက်ပေါ်မှ ချက်ရင်းကြာလာသောအခါ တစ်ဦးနှင့်တစ်ဦး စိတ်ဝင်စား သံယောဇဉ်ဖြစ်ကာ စဉ်းစားဝေဖန်နိုင်မှု အားနည်းပြီး ခံစားမှုဦးစားပေးလိုက်သည်)ကူးပြောင်းလာတော့သည်။
အင်တာနက်ပေါ်တွင် ချက်ကြရာမှ (ချက်သည့်အထိ မမှားသေး၊ ယဉ်ကျေးမှုတူသူ မတူသူ၊ အသိပညာတူသူ မတူသူ၊ အတွေးအခေါ်တူသူ၊ မတူသူ ဖလှယ်ရာ ဆွေးနွေးရာ ဦးနှောက်မုန်တိုင်းဆင်နိုင်ရာစသည့် ကောင်းကျိုးများရအောင် သုံးသည့်အထိ မမှားသေး၊
စိတ်ဖိစီးမှုပျော့ပါးစေရာ၊ ပျော်ပျော်ပါးပါး ပေါ့ပေါ့ပါးပါး ဖြစ်စေရာ၊ အဖွဲ့အစည်းတွင် ကွန်မြူနတီတွင် နေထိုင်နေရာအထိ မမှားသေး) နည်းပညာအကူအညီကြောင့် ခံစားမှုအတိုင်း အရှက်ကို ဖော်ပြရာတွင်တော့ မှားကုန်ကြပြီ။ မိန်းကလေးတို့ သိက္ခာမဲ့ကြပြီ။ ဂုဏ်သိက္ခာတို့ တိမ်အသွင် မတည်ငြိမ် ရွေ့လျားကုန်တော့သည်။

လေနှင့်တူသော ယောက်ျားတို့ နှောက်သဖြင့် လှပသော တိမ်စိုင်အသွင် တင့်တယ်လှပသော မိန်းကလေးတို့ အရှက်နှင့်ဂုဏ်သိက္ခာ ပျက်ပြယ်ပြီ။ မိန်းကလေးတို့ သေရာပါ အရှက်ရကြပြီ(မရှက်ပါဟုဆိုလျှင်တော့ ဘာမှကိုပြောစရာမလိုတော့ပါ)
မြန်မာမိန်းကလေးများ ဂုဏ်သိက္ခာမကျရေးရိုးသားသော မြန်မာမိန်းကလေးတို့၊ နည်းပညာခေတ်တွင် နည်းပညာဆိုးကျိုးကြောင့် ဂုဏ်သိက္ခာ မကျစေလိုခြင်းသည် ဤဆောင်းပါး၏ အနှစ်သာရဖြစ်ပါသည်။
ချက်ခြင်းကြောင့် ခံစားမှုများအားကောင်းလာပြီး မစဉ်းစားမဆင်ခြင် မထိန်းချုပ်နိုင်တော့ဘဲ ချစ်ခြင်းသို့ ရောက်ကာ(အချစ်တိမ်မှောင်အောက် ပြားပြားမှောက်ပြီး)ဂုဏ်သိက္ခာမဲ့ လုပ်ရပ်များကို မြန်မာအမျိုးသမီးငယ်တို့ မလုပ်မိစေလိုခြင်းသည် စာရေးသူ၏ စေတနာရင်းဖြစ်ပါသည်။
ယခုတော့ စိတ်ခံစားမှုနောက်လိုက်ပါခဲ့သော နည်းပညာဆိုးကျိုးသက်ရောက်မှု (side effect) ဒဏ်ခံ webcam(အင်တာနက်ကွန်ပျူ တာကွန်ယက်အတွင်း စကားပြောသူအချင်းချင်း လိင်ပိုင်းဆိုင်ရာများကို ဖော်ထုတ်ပြသမှုကို ဗီဒီယိုရိုက်ပြီး ပြကြ၊ ပြုကြ၊ အာရုံခံစားကြသည်)နှင့် ချက်ခဲ့သူ မြန်မာအမျိုးသမီးငယ်တို့ ဂုဏ်သိက္ခာမဲ့(အရှက်မဲ့)ပုံများကို အင်တာနက်တွင် တွေ့ခဲ့ရသောကြောင့်ဖြစ်သည်။
နည်းပညာဆိုးကျိုးဒဏ်ခံ (နည်းပညာ၏ကောင်းကျိုးများကား မဖော်ပြနိုင်အောင် များပြားပါသည်။ အသိဉာဏ်ရှိသော ပညာပြည့်ဝသော လူသားပင်ဖြစ်လင့်ကစား ခံစားမှုနောက်ပါချိန်တွင် ကောင်းကျိုးရည်ရွယ်ဖန်တီးထားသော နည်းပညာကိုပင် (ယင်းခံစားမှုတစ်ခုခုကြောင့်)ဆိုးကျိုးအဖြစ် အသုံးပြုတတ်ကြသည့် လူ့သဘော)မြန်မာမိန်းကလေးများ၊ ယင်းတို့၏ အရှက်မဲ့၊ ဂုဏ်သိက္ခာမဲ့ဓာတ်ပုံများ၊ မှတ်တမ်းများ အင်တာနက်ပေါ်တွင် မည်မျှများနေကြပြီလဲ။ မသိနိုင်ပါ။
ယခုဖြစ်ရပ်တွင် နည်းပညာအပြစ် မဟုတ်ပါ။ မိန်းကလေးတို့ အပြစ်သာ ဖြစ်ပါသည်။ မိမိကိုယ်တိုင်က စိတ်ပါ၊ ၀ါသနာပါ၊ ငွေကြေးကြောင့်၊ စီးပွားဖြစ်လုပ်ကိုင်မှုကြောင့်ဆိုလျှင်တော့ ဤဆောင်းပါး ရည်ရွယ်ချက်နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်နေပါလိမ့်မည်။ ၀ါသနာကြောင့် ငွေကြေးကြောင့် လုပ်ကိုင်သူများ ရှိနိုင်ပါသည်၊ ရှိလည်း ရှိနေပါသည်။ ထိုသူများကိုတော့ ဘာမှမပြောလိုပါ။
ဘုရားလက်ထက်မှစ၍ မြန်မာဘုရင်များခေတ်အလယ်၊ ယနေ့ထက်တိုင် ရှိခဲ့သော၊ ရှိနေသော ပြည့်တန်ဆာ(တိုင်းပြည်၏အဆင်တန်ဆာတစ်ခုဟုပင် ခေါ်ခဲ့ကြသည်) များကတော့ အခကြေးငွေဟူ၍ ယောက်ျားတို့၏ ကာမလိုအင်ကို ဖြည့်ပေးသည်။
ထိုမှတစ်ဆင့် ငွေပေးသော အဖိုးအခအလိုက် (များများပေးပါက) ယင်းယောက်ျားပြုသမျှ နုရသည်။ နည်းပညာကြောင့် ကင်မရာ၊ လက်ကိုင်တယ်လီဖုန်းတို့ဖြင့် အမှတ်တရ၊ ချစ်ဖို့ကောင်း၍၊ လှ၍ ဘာညာပြောပြီး မိမိသိပြီးဖြစ်စေ၊ မသိနိုင်ဘဲဖြစ်စေ ရိုက်ယူသွားတော့လည်း ခံလိုက်ရသည်များ ရှိသည်။
အခကြေးငွေဖြင့် လုပ်စားသူ များက တစ်ပါးသူတို့ကို ဖြတ်ကျော် နှိပ်စက်ခေါင်းပုံဖြတ် လုပ်စားခြင်း မဟုတ်ကြောင်း၊ မိမိက ၀န်ဆောင် မှုကိုပေး၍ ငွေကြေးရယူခြင်းသာ ဖြစ်ကြောင်း၊ တော်တည့်မှန်ကန် သော စီးပွားရေးလုပ်ငန်းဖြစ် ကြောင်းဖြင့်ပင် ဆိုကြသည်။
ယဉ်ကျေးသော လူမှုအသိုင်းအ၀ိုင်းဟု ၎င်းင်းတို့ကိုယ်တိုင်သတ်မှတ်ထားကြသည့် အနောက်တိုင်းကမူ sex worker (လိင်အလုပ်သမား)ဟုပင် ဂုဏ်မြှင့်ခေါ်ကြသည်။ မည်သို့ဖြစ်စေ ယင်းလုပ်ငန်းများမှ မြန်မာနိုင်ငံတွင် တရားဝင်လုပ်ငန်းမဟုတ်ကြောင်း သတိပြုကြရပေမည်။
မိမိကြောင့် အခြားတစ်ပါးသော ယောက်ျားတွင် လိင်ဆက်ခံမှုမှတစ်ဆင့် ရောဂါကူးစက်ခံရပါက ယင်းယောက်ျား၏ အခြားလိင်ဆက်ဆံဖက်များ(ဇနီး၊ ချစ်သူရည်းစားနှင့် အခြားမိန်းကလေးများ)အထိ ရောဂါများ ဆင့်ကဲကူးစက်နိုင်ပြီး မိမိကရောဂါဖြန့်ဝေသော အကုသိုလ်အကျိုးကို ယခုဘ၀တွင်ရော နောင်ဘ၀တွင်ပါ ခံစားရမည်ဖြစ်သည်။
အခကြေးငွေကြောင့်လို့ ပြော၍မရနိုင်၊ ရိုးရိုးသားသားနှင့် စခဲ့သော်လည်း ခံစားမှုကြောင့် မြူ ဆွယ်ရာနောက်တိမ်းညွတ်ပါသွားခဲ့သည်ဆိုလျှင်တော့ ရှက်ရမည်မှာ မသက်သာ၊ ကမ္ဘာကျော်ဂုဏ် သိက္ခာမဲ့မှုကြီး၊ မဟာအရှက်တော်ပုံကြီး ဖြစ်သွားလိမ့်မည်။
ွှ
အချုပ်အားဖြင့်ဆိုရသော် ရိုးသားယဉ်ကျေး လိမ္မာသော မြန်မာအမျိုးကောင်းသမီးမိန်းကလေးတို့ နည်းပညာခေတ်ကြီးတွင် ခံစားမှုနောက် အလေးသာ လိုက်ပါမိက ချက်ခြင်း၊ ချစ်ခြင်းမှသည် ဂုဏ်သိက္ခာမဲ့မှုသို့ အထိရောက်ရှိ ပြီး မဟာအရှက်တော်ပုံကြီး ဖြစ်ပါမည့်အကြောင်း စေတနာကောင်းဖြင့် ရေးသားရပါသည်။