“မစဉ်းစားဘူး”
မစဉ်းစားဘူး
ဘာလိုချင်မှန်း မသိတဲ့အခါ
ဘ၀ဟာ တစ်ခါတစ်ခါ လည်လည်သွားတယ်။
ပျော်တာလည်း မဟုတ်ဘူး
စိတ်ညစ်တာလည်း မဟုတ်ဘူး
ငွေလည်း မဟုတ်ဘူး
လိင်လည်း မဟုတ်ဘူး။
မူးယစ်စေတာတွေလည်း မဟုတ်ဘူး
စာပေလည်း မဟုတ်ဘူး
ဂီတလည်း မဟုတ်ဘူး
ရုပ်ရှင်စတဲ့ အနုပညာတွေလည်း မဟုတ်ဘူး။
ဟောပြောပွဲတွေလည်း မဟုတ်ဘူး
နိုင်ငံရေးသမားတွေလည်း မဟုတ်ဘူး
တရားပွဲလည်း မဟုတ်ဘူး
လက်ခုပ်သံတွေလည်း မဟုတ်ဘူး။
ခက်တာက...
ဘာမှန်းမသိဘူး
မစဉ်းစားဘူး။
မျိုး(၁၈-၀၈-၀၇)
Saturday, August 18, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment