“ လုံးပါးပြီး မှ ဆုံးပါးခြင်း ”
အနုပညာပုံရိပ်ရဲ့ ခံစားမှုသဘောတရားနံပါတ်တစ်
လေနုအေးတို့ ပွေ့ဖက်ဆီးကြို
ကောင်းကင်ပြာက ငါ့ကိုအုပ်မိုး
ဟိုး...ကွင်းပြင် အဝေးဆီက
ခပ်ဖြည်းဖြည်း လာနေတဲ့ရနံ့တွေ
ငါ့ကို ၀ါးမြို
အမှန်တကယ်တော့
လှလွန်းတဲ့ ပန်းချီကားဟာ
ဥပေက္ခာပြုခံရတာပါ
အဝေးပြေးအိပ်မက်တွေ မက်ဖို့
ငါ ကားစီးစရာ မလိုတော့ဘူးလေ။
သဘာဝရဲ့ ကျီစယ်ခြင်းကို ခံရ
နောက် ညှို့ယူဖမ်းစားခြင်းခံရ
အဲဒီနောက်တော့...
ငါ့ ဘ၀ ဆုံးပြီ။
မျိုး (၁၄-၀၈-၀၇)
Saturday, August 18, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment