မင်းအတွက် မေတ္တာအိမ်ကျယ်ကျယ် တစ်လုံးဆောက်မယ်
အဲဒီမှာ
နှလုံးသားတံခါးတပ်မယ် အဖြူရောင်လေးဆေးသုတ်မယ်
အရောင်နွမ်းညစ်တာနဲ့ ဆေးတစ်ခါပြန်သုတ်မယ်
သစ္စာစည်းရိုးလေးကာလို့ သံယောဇဉ်နွယ်ကလေးတွေနဲ့ လှယဉ်စေမယ်
အချစ်နဲ့မိုး အချစ်နဲ့ကာ အချစ်တွေခင်းဖြန့်တဲ့ မေတ္တာအိမ်ကလေးမှာ
မင်းပျော်ရစေမယ်
စမ်းကလေး စီးပါစေ မင်းအသံလေးလို ချိုချိုလွင်လွင်
ငှက်ကလေးတို့ တေးသီကျူးလို့ သားသားမီးမီးတွေလည်းပျော်ပျော်ရွှင်ရွှင်
စပါးခင်း မြစိမ်းရောင် ရွှေဝါရောင်တို့ အနီးအနားမယ်
တွင်းရေချိုက အေးမြတယ်
သစ်ရိပ်ဝါးရိပ်တွေလည်း ရှိတယ်
ငါတို့ ရိုးရိုးသားသားနေကြမယ်
ငါက ကဗျာတွေရေးမယ်
မင်းက ငါတို့စားဖို့ ပြင်ဆင်ကျွေးကွယ်
အနေအေးအေး တို့ဘ၀ငြိမ်းချမ်းအေးမြတယ်
မေတ္တာအိမ်ကလေး အစဉ်ပဲ လှပနေရမယ်။
Sunday, August 05, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment