Sunday, August 12, 2007

ပဲခူး ရွှေမောဓောဘုရားတွင် ၁၀-၀၈-၀၇ နေ့လယ်ပိုင်းက ဖြစ်သည်။ ဓါတ်ပုံရိုက်တော့ မေကြီး (အမေ့အမေ၊ အဖွား)ကို သတိရသည်။ အဖွားနှင့် တစ်ခါက ကျိုက်ထီးရိုးဘုရားဖူးသွားပြီး အပြန်တွင် ရွှေမောဓော ၀င်ကြသည်။ ဘုရားမှ ဓါတ်ပုံဆရာနှင့် ဓါတ်ပုံရိုက်ကြရာ ကိုယ်တစ်ယောက်တည်း တစ်ပုံရိုက်သည်။ ကိုယ်ဓါတ်ပုံရိုက်ခံစဉ်က အဖွားက သားကြာလုပ် ကြာလုပ်ဟု အော်သည်။ ကိုယ့်မှာ ရှက်လိုက်သည့်ဖြစ်ခြင်း။ ဘုရားဖူးကားတွင် ကောင်မလေးများ၊ ကောင်မကြီးများလည်းပါရာ ကိုယ့်မှာ ရှက်နေမိသည်။ အဖွားကိုလည်း စိတ်ဆိုးမိသည်။ အခုတော့ အဖွားကို လွမ်းနေမိသည်။ အဖွားက ကိုယ့်သိပ်ချစ်သည်။ သူ့မြေးကြီးကို လှစေချင်၍ ဖြစ်မည်။ ကိုယ့်အခုအခြေအနေကို အဖွားသိလျှင် အလွန်ဝမ်းသာပြီး ကျေနပ်မဆုံးဖြစ်နေပေတော့ မည်။ အဖွား ကောင်းရာ သုဂတိလားပါစေ၊ သားပြုသမျှ ကုသိုလ်အဖို့ဘာဂ အမျှရပါစေ။ သာဓုခေါ်နော် အဖွား...မေကြီးရေ...

No comments: